ဒီဇာတ်ကားလေးမှာ လီရိုနန်ဟာ မိဘမဲ့ဂေဟာကို ပေးခဲ့တဲ့ ငါးနှစ်အရွယ် သူ့သမီးလေး ဒိုဒိုကို အုပ်ထိန်းခွင့်ပြန်လည်ရရှိဖိုအတွက် စောင့်ကြည့်ကာလအတွင်းမှာ သူ့အိမ်ကိုခေါ်ထားခွင့်ရလိုက်ပါတယ်။ အချိန်အတော်ကြာ ခွဲခွာခဲ့ရတာလည်းဖြစ်ပြန်၊ အတိတ်က ဖြစ်ရပ်တွေရဲ့ ခြောက်လှန့်မှုဒဏ်တွေကို ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရတဲ့ တစ်ကိုယ်တော် မိခင်တစ်ယောက်လည်းဖြစ်နေရှာတော့ အုပ်ထိန်းခွင့်ပြန်ရဖိုကို ကောင်းကောင်းလုပ်နိုင်ပါ့မလားဆိုပြီး ရိုနန်တစ်ယောက် စိုးရိမ်နေရရှာပါတယ်။စောင့်ကြည့်ကာလ ဖြစ်တာကြောင့် ပိုပြီး အဆင်ပြေအောင် နေပြရပါမယ်ဆိုမှ သမီးလေးဒိုဒိုမှာ ထိတ်လန့်စရာ ဖြစ်ရပ်တွေ ကြုံနေရပါတယ်။ သူ့သမီး ကြုံနေရတဲ့ ဖြစ်ရပ်တွေဟာ လွန်ခဲ့တဲ့ခြောက်နှစ်တားမြစ်ထားတဲ့ အရာတစ်ခုကို သူလုပ်ခဲ့မိတဲ့ အကျိုးဆက်ရဲ့ ကျိန်စာတွေ ဖြစ်နေပြီး အဲ့အရာကို သိရှိသူတိုင်းဟာ ကြမ္မာဆိုးနဲ့ အဆုံးသတ်ရစမြဲဖြစ်တာကြောင့် ကျိန်စာဆိုးကနေ သမီးဖြစ်သူကို ကယ်တင်ဖိုကြိုးစားရင်း ဇာတ်လမ်းကောင်းကောင်းနဲ့ သေသပ်တဲ့ သရုပ်ဆောင်ချက်တွေကို ကောင်းမွန်တဲ့ ဖန်တီးမှုနဲ့အတူ ဇာတ်လမ်းကို ဆွဲခေါ်သွားတာဖြစ်လို သာမာန်သရဲကားတွေထက်တော့ သေချာပေါက်ပိုကောင်းတဲ့ horror ကားလေးတစ်ကားပါပဲ