ဒီဇာတ်ကားမှာ မီးသတ်ရင်းမတော်တဆ သေဆုံးသွားတဲ့ ဂင်ဂျာဟုန်ဟာ တစ်ဘဝလုံးကောင်းမှုပြုခဲ့တဲ့အတွက်” စံထားရအောင် မြင့်မြတ်တဲ့ပုဂ္ဂိုလ်” ဆိုတဲ့ဘွဲထူးနဲ့ တမလွန်ဘဝရောက်လာခဲ့ပါတယ်။ တမလွန်တရားခွင်တစ်လျှောက် သူနဲ့အတူ အစောင့်အရှောက်နတ် ၃ ပါးလည်းပါဝင်ပါသေးတယ်။
တရားခွင်အဆင့်ဆင့်ဖြတ်လာပြီးနောက် ဂင်ဂျာဟုန်ဟာ ကောင်းမှုပြုခဲ့တာမှန်ပေမယ့် သူ့ကြောင့်ထိခိုက်ခဲ့ရသူတွေရှိမှန်း သိလာခဲ့ရတော့….. သူတို ၄ ဦး တရားခွင်ကိုအချိန်မှီဖြတ်ကျော်နိုင်ပါ့မလား